|
Tuesday, October 30, 2012
Reminder about your invitation from Vampier Demon
Tuesday, October 23, 2012
Reminder about your invitation from Vampier Demon
|
Friday, October 19, 2012
Invitation to connect on LinkedIn
|

Invitation to connect on LinkedIn
|

Free Phone call with internet
ကျွန်တော်တို့အနေနဲ့
ဖုန်းတွေ အသီးသီး ရှိကြတယ်ဗျာ. ဖုန်းခေါ်ဆိုခတွေ အရမ်းများတယ်။ အဲ့တော့
ပိုက်ဆံမကုန်အောင် ဖုန်းပြောတာတို့၊ မြန်မာလို chat တာတို့၊ message
ပို့တာတို့ မလုပ်ချင်ဘူးလား။ အင်တာနက်ခက တစ်မိနစ်မှ 2 ကျပ်လား 20 လား
ပေးရတာပါ။ တန်ပါတယ်။ အဲ့လိုခေါ်ချင်ရင်တော့ အောက်က အချက်တွေနဲ့
ပြည့်စုံဖို့တော့ လိုအပ်ပါတယ်။ အခု ကျွန်တော် ကွန်ပျူတာကနေ ဟန်းဖုန်းကို
ဖရီးခေါ်ဆိုနိုင်အောင် ကြိုးစားကြည့်နေပါတယ်။ ဖုန်းနံပါတ်ကတော့
လုပ်ယူလို့ရပါတယ်။ ဒါပေမယ့် ခက်တာက android phone(အတု-အစစ်ကဲ့သို့)
တစ်လုံးကို ကွန်ပျူတာပေါ်ကနေ စမ်းသုံးပြီး ဖုန်းခေါ်ဖို့အတွက် ဖုန်းနံပါတ်နဲ့
activate လုပ်ဖို့က ရပြီ။ အဲ့ထဲကို install လုပ်ဖို့အဆင့်တစ်ဆင့်
လိုနေသေးလို့ လုံးဝ ထည့်လို့မရဘူးဖြစ်နေတယ်။ ကဲဒါကထားပါ ကျွန်တော့်ဖက်က
အခက်အခဲပေါ့.
- မိမိဖုန်းဟာ iphone (or) android (or) Black berry (or) window phone အဲ့အမျိုးအစား ၄ မျိုးထဲက တစ်ခုခုဖြစ်ရပါမယ်။ (အခုအထိတော့ ဒီ ၄ မျိုးပဲ ရှိပါသေးတယ်။ နောက်ထပ်ပြီး update လုပ်နေပါတယ်။)
- မိမိဖုန်းမှာ viber ဆိုတဲ့ free ခေါ်ဆိုနိုင်တဲ့ software Download လုပ်ဖို့နဲ့ install လုပ်ဖို့ internet လိုအပ်ပါလိမ့်မယ်။ Download လုပ်ဖို့ခဲယဉ်းနေရင်လည်း ကျွန်တော် တင်ပေးလိုက်ပါ့မယ်။ မပူပါနဲ့ memory card ထဲကိုသာ အဲ့ viber software ထည့်ပြီး install လုပ်သွားလိုက်ပါ။ ကျွန်တော့်မှာ samsung Android အမျိုးအစား ရှိလို့ ကျွန်တော့်ဖုန်းကို ဥပမာထားပြီးတော့ ရေးသားလိုက်ပါ့မယ်။
- မိမိကိုယ်တိုင် ဖုန်းမှာ အင်တာနက်ရှိလို့ပဲ ဖြစ်ဖြစ်၊ wifi ရနေလို့ပဲဖြစ်ဖြစ်ပေါ့၊ အဲ့ဒါမျိုးဆိုခဲ့ရင် ပိုအဆင်ပြေတာပေါ့။ နိုင်ငံခြားက သူငယ်ချင်းဆီကို ဖုန်းခေါ်ချင်ရင် အင်တာနက် ကဖေးဆိုင်ကို သွားထိုင်ပြီး တစ်နာရီလောက် ဖုန်းပြောလိုက်ပေါ့။ အဲ့ကပေးတဲ့ wifi နဲ့ ဖုန်းနဲ့ချိတ်ပြီးတော့။ အော်ဒါနဲ့ပြောဖို့ကျန်သွားပါတယ်။ အဲ့လိုခေါ်ဆိုဖို့အတွက် တစ်ဖက်ဖုန်းမှာလည်းပဲ viber software ရှိရပါမယ်။ အဲ့ဒါဆိုရင် သူ့ဖုန်းကို ကိုကခေါ်မယ်ဆိုတာနဲ့ သူကမေးပါလိမ့်မယ်. viber နဲ့လား Dialer နဲ့လားပေါ့၊ Dialer ကိုရွေးမိရင်တော့ ငါးပါးမှောက်ပါမယ်။ oversea call နဲ့ပေးရပါလိမ့်မယ်။ အဲ့တော့ viber ကိုရွေးပြီး ကိုခေါ်ချင်တဲ့သူရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်ပါ။ ဟိုဖက်က ဟန်းဖုန်းမှာ viber နဲ့သွားမည်ပါလိမ့်မယ်. သူကလည်း ကိုခေါ်တယ်ဆိုတာ တန်းသိပါတယ်။ ဟိုဖက်က အိုကေနှိပ်တာနဲ့ ပြောပေတော့ပေါ့။
- အဲ့တော့ ခုနက ပြောတဲ့ iphone (or) android (or) Black berry (or) window phone အဲ့အမျိုးအစား ၄ မျိုးမှာ အင်တာနက်ရှိနေခဲ့ရင် http://www.viber.com ကိုသွားပြီး ကို့ဖုန်းအမျိုးအစားကို ရွေးပြီး Download လုပ်လို့ရသလို၊ Android ဖုန်းဆိုရင်တော့ Play store ကနေ အရင်နှိပ်ပြီး search box ထဲမှာ viber လို့ရိုက်ထည့်လိုက်တာနဲ့ တန်းပေါ်လာပါလိမ့်မယ်။ ရွေးပြီးတော့သာ download လုပ်လိုက်ပါ။ download လုပ်ပြီးတာနဲ့ install ကို သူ့ဟာသူ လုပ်သွားပါလိမ့်မယ်။ activate ဖြစ်ဖို့အတွက် မိမိရဲ့ နိုင်ငံနဲ့ ဖုန်းနံပါတ်ကို ရွေးပေးရပါမယ်။ ရွေးပြီး OK နှိပ်တာနဲ့ ဖုန်းထဲကို message ရောက်လာပါမယ်။ အဲ့ message ထဲက code ကို viber phone activate ဖြစ်ဖို့အတွက် တောင်းတဲ့အကွက်ထဲမှာ ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင် viber ရှိသော မည်သည့် ဖုန်းကိုမဆို ခုခေါ် ခုပြောလို့ရသလို၊ message ပို့ရင်လည်း ခုပို့ ခုရောက်ပါတယ်။ ကဲပြောမယ့်သူချည်းပဲလို့ ထင်ပါတယ်။ အဲပြောဖို့တစ်ခုကျန်သွားပါတယ်။ play store (or) www.play.google.com ကို ၀င်ဖို့အတွက် google account လိုအပ်ပါတယ်။ မိမိသုံးနေတဲ့ google account နဲ့ ၀င်လည်း ရပါတယ်။ ၀င်လို့ရမှသာ application တွေကို ဖရီး Download လုပ်ခွင့်ရကြမှာပါ။ apple က ထုတ်တဲ့ iphone နဲ့ ipad ကိုတော့ google ကနေ မထင်မှတ်ဘဲနဲ့ ခဏတာအတွင်း အသုံးပြုသူအရေအတွက်နဲ့ service ကောင်းကောင်းနဲ့ လုပ်ပြလိုက်ပြီဆိုတော့ apple အနေနဲ့တော့ နည်းနည်းမျက်ခုံးလှုပ်သွားမှာ အမှန်ပါ။ ဘာလို့လဲဆိုတော့ iphone, ipad တွေကို ပြန်သုံးရဖို့အတွက် jailbreak လုပ်ရလို့ပါပဲ။ android phone မှာ အဲ့ဒါတွေမလိုပါဘူး။ ကြိုက်သလိုသွား၊ ကြိုက်တာ install လုပ်လို့ရပါတယ်။ ကဲအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ android သမားများအတွက် မရှာချင်ရင်တော့ အောက်မှာ တင်ပေးလိုက်ပါပြီ။ မြန်မာနိုင်ငံက အင်တာနက်ရှိတဲ့ဖုန်း၊ အင်တာနက်လိုင်းရတဲ့နေရာကနေ ဖုန်းကတဆင့် ကျွန်တော့်ဖုန်းကို လှမ်းဆက်လို့ရပါတယ်။ +66862735597 ပါ။ ရတယ်ဆိုရင် စမ်းခေါ်လိုက်ပါ။ phone number ထည့်လိုက်တာနဲ့ ကို့သူငယ်ချင်းတွေထဲမှာ viber ထည့်ထားတယ်ဆိုရင် viber ပုံလေး ဖုန်းနံပါတ်နဘေးမှာ ပေါ်နေပါတယ်။ ဘယ်သူထည့်ထားလဲ ကြည့်လို့ရပါတယ်။ မေးစရာမလိုပါဘူး။
What is Browsers
Browser ဆိုတာ ကျွန်တော်တို့ အခုသုံးနေတဲ့ အနီးစပ်ဆုံးပြောရမယ်ဆိုရင် Mozilla Firefox တို့ Crown
IE (internet explorer) တို့နဲ့ အခြားသော Browser တွေရှိပါတယ်...
ကျွန်တော် ယုံကြည်တဲ့ကျွန်တော် စကားအရဆိုရင်တော့ Note Pad တစ်ခုရှိရင် သင့် ကွန်ပျူတာ တစ်လုံးကို ကြိုက်သလို ဖန်တီ ချယ်လှယ် လို့ရနိုင်ပါတယ် ...
Browser တစ်ခုရှိရင် အင်တာနက် လောကတစ်ခုလုံးကို တတ်နိုင်မယ်ဆိုရင် ချယ်လှယ်နိုင်ပါတယ် တကယ်တော့ Search Engine ( eg. www.google.com) တို့ဆိုတာ အများစုကတော့ Browser ကို ၀င်ပြီးတော့မှဝင်ရတာမျိုးပါ...
Browser မလိုတဲ့ Search Engine ဆိုရင်တော့ သင့် PC မှာ Software သုံးရမှာဖြစ်ပါတယ်
အဲ့အတွက် Browser အကြောင်းလေးရှင်းပြရမယ်ဆိုရင် Browser ဆိုတာ Web Site တွေနဲ့ Server တွေကိုယူသုံးခွင့်ရှိတဲ့နေရာလေးပါ...
သင့်ရဲ့ Data တွေ သင့်ရဲ့ လုပ်ငန်းဆိုင်ရာ အချက်အလက်တွေ သိုလှောင်ထားတဲ့နေရာလေးလဲဖြစ်နိုင်ပါတယ်
Website Address ကိုသိယုံနဲ့ ခေါ်ယူခွင့်ရှိပါတယ် ... ဒီထက်ပိုလိုက်ရင်တော့ လျှို့ဝှက်နေရာတွေကို ထိပါသွားနိုင်ပါတယ် ( eg. နိုင်ငံတကာ ကိုယ်ပိုင် Web Site တွေပေါ့ )
ဒါတွေကလဲ လေ့လာတတ်ဖို့လိုပါတယ် ...
ဘယ်လိုလေ့လာရလဲဆိုတော့ ကျွန်တော် တို့ Website တစ်ခုကို ဖွင့်သုံးတိုင်းမှာ Address Bar တွေမှာ ဘာတွေပြောင်းလဲသွားလဲဆိုတာကိုလေ့လာနေရမှာပါ...
အဲ့တော့ အချို့လူတွေက အဲ့လို ရှုပ်ရှက်နေတဲ့ Address တွေကို လိုက်မကြည့်တော့ပဲ Search Engine တွေကို အသုံးပြုကြရပါတယ် ...
IT လောကကြီးတစ်ခုအတွက်ဆိုရင်တော့ Browser တစ်ခု ဟာ အရေးပါလွန်းသလို Note pad တစ်ခုဟာလဲ အရေးပါလှပါတယ် ...

Thursday, October 4, 2012
Fake Virus
Set wshShell = wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "You are a fool."
loop
save file extension with .vbs
It is not a Virus
It is making Funny and joke
do
wscript.sleep 100
wshshell.sendkeys "You are a fool."
loop
save file extension with .vbs
It is not a Virus
It is making Funny and joke
About Basic Google Mail
သင့်ရဲ့ Mail Box စဖွင့်တဲ့အချိန်မှာ ဘာမှဆွဲဆောင်မှုတွေမရှိဘူးမလား
သင့်ရဲ့ Mail လေးကို ဆွဲဆောင်မှုကောင်းအောင် လုပ်နိုင်ပါတယ်
Setting ဆိုတဲ့နေရာလေးမှာ ပြင်ဆင်တဲ့နေရာက Template ဖြစ်ပါတယ်
အဲ့ဆိုရင်ကြည့်လို့ကောင်းသလောက်ပါပဲ Auto ထည့်ပေးတာလေ Google က အကုန်ဆွဲထားပေးပြီးသား
Mail တစ်စောင်ကို ဘယ်လိုပို့မလဲ
Compose> To: နေရာမှာ ကိုယ်ပို့ချင်တဲ့ Email လိပ်စာ
> Subject နေရာမှာ ရေးလိုက်တဲ့စာရဲ့ခေါင်းစဉ် (သို့) အကျဉ်ချုပ်လေးပေါ့
> Attach ဆိုတာကတော့ သင်ပို့ချင်တာက သီချင်း (သို့) ပုံ ဒါမှမဟုတ် File တစ်File ဖြစ်မယ်ဆိုရင် Attack> browse> သင့် File ရဲ့ ရှိနေတဲ့နေရာလေးကို ညွှန်းပေးပါ
> အောက်ဘက်က ကွပ်လပ်ကြီးကတော့ ရိုးရိုးစာရိုးပြီးပို့တဲ့နေရာပါ
မှတ်ချက် ။ ။ gmail ဟာ စာတစ်စောင့်ကို Memory Limited ရှိပါတယ် 25 MB ထက်များလို့မရပါဘူး ပြီးတော့ သင် Attach တွဲတင်ရင်တော့ သူ Loading လုပ်တာလေးစောင့်ပြီးမှ ပို့တာက ပိုကောင်းပါတယ် ....
Mail တစ်စောင်တည်းကို လူ 2ယောက် 3 ယောက် ပို့မယ်ဆိုရင်တော့ To: နေရာမှာ ပို့ချင်တဲ့လူတွေရဲ့ Email တွေကို (,) Comma ခံပြီးပို့ရပါတယ်....
Gmail က File တွေကို စစ်ဆေးပေးတဲ့အတွက် Virus တွေကို Mail ကနေပို့လို့မရပါဘူး
ပို့လို့ရတဲ့နည်းတွေတော့ရှိပါတယ် ... အခုက Basic ဆိုတော့ ဒါတွေမလိုသေးပါဘူး

Tuesday, October 2, 2012
For Beginner
အချို့လူတွေအတွက်ပါ ဒီpost လေးကတော့
အမှားပါရင် ခွင့်လွှတ်ကြပါ
Browser ဆိုတာ အင်တာနက်မှာ လိပ်စာရိုက်ထည့်ပြီး ကိုလိုတာကိုခေါ်သုံးနိုင်တယ်
Chat ဆိုတာက တယောက်နဲ့တယောက်နဲ့စကားပြောတာကိုခေါ်တယ် ပြောလို့ရတယ် ရေးလို့ရတယ်
ပြီးတော့ စာစီစာရိုက်တဲ့လူတွေက Pagemaker ဆိုတာကိုသုံးကြတယ်
ဒါပေမဲ့ အလွယ်သမားတွေက Microsoftword ကိုသုံးတယ်
အဲ့နှစ်ခုကတော့ Window OS တွေသုံးတဲ့လူတွေဆိုအဆင်ပြေပါတယ်
window သုံးတဲ့လူတွေဆိုရင် notepad တွေနဲ့လဲရေးလို့ရတယ် notepad ဆိုတာကတော့ အလွယ်ဆုံးရေးတာပေါ့
ဒါပေမဲ့ Print ထုတ်ဖို့တော့မဟုတ်ဘူး .... Memory တစ်ခုခုမှ ခဏသိမ်းလို့ရတယ် စာတွေအများကြီးအချင်းချင်းတူရင်တောင် Memory ချင်းယှဉ်ကြည့်ရင် ပိုကုန်ကျသက်သာတယ်
အဲ့တော့ IT သမားတော်တော်များများဟာ notepad တွေနဲ့ အလုပ်လုပ်ကြရတယ်
notepad က ရေးလိုက ထွက်လာတဲ့ Save File က .txt ဖြစ်တယ်
.txt ဆိုတာ File Extension လို့ခေါ်တယ်
ဘာလို့ခေါ်လဲဆိုတော့ .txt နေရာမှာ အများကြီး ထပ်ရေးလို့ရတယ် ရေးလိုက်တာနဲ့ ပုံစံချင်းမတူတော့ဘူး
.txt တွေက Browser တွေပေါ်မှာ အလုပ်လုပ်လိုကရသလို
offline တွေမှာလဲအလုပ်လုပ်လို့ရတယ်
web site တစ်ခု ၊ program တစ်ခု ၊ Virus တစ်ကောင် ၊ IT နဲ့ပတ်သတ်တဲ့ ဘာမဆိုဟာ notepad နဲ့လုပ်လို့ရတယ်
အချို့လူတွေက Software ကိုသုံးတယ် ဘာလို့သုံးလဲဆိုတော့ မတတ်လို့ပဲ
ကွန်ပျူတာပညာဆိုတာ လေ့လာလိုက်စားလို့မကုန်ဘူး အဲ့တော့ တစ်ယောက်နဲ့တစ်ယောက် IT သမားချင်းတူရင်တောင် way ချင်းမတူကြဘူး
အခြေခံသမားတွေအတွက် အခြေခံကိုဒီလောက်ပဲရှင်းပြလိုက်ပါတယ်.........

Monday, October 1, 2012
Fake Virus Shut Down
@echo off
cls
Rund1132 MOUSE, disable
cls
echo Answer these questions as best as you can.
pause
echo What is your name?
set /p name=
echo What is your favourite team?
set /p team=
echo what internet do you use?
set /p internet=
echo Why are you lying to me %name%, %team% is not your favourite team and you are not using %internet%!
pause
echo OMG, you did lie to me and now you have to pay!
pause
shutdown -s -t 30 -c "BE HONEST THE SECOND TIME, OUTHERWISE YOU WILL GET OWNED AGAIN!
------------------------------------------------------------------
ကွန်ပျူတာ ပေါ်မှာ Right Click ထောက်ပြီး၇င်
Text Document ကိုနှိပ်
အဲ့ဒါကိုဖွင့်ပြီး အပေါ်က စာကို Copy ယူ ( Copy ယူချင်၇င် Ctrl+C
ပြီးရင် အဲ့ဒီ Text Doc မှာ Paste ချ ( Paste ချ ချင်ရင် Ctrl+V
ပြီးရင် Save လုပ်လိုက်ပြီးရင်
window+E
အဲ့မှာ tools ထဲက Folder Option ထဲက View ထဲမှာ
Hide Extension for Unknow file type မှာ အမှန်ခြစ်ဖြုတ်
Apply ပြီးရင် Ok
Save မှတ်ထားတဲ့ Text Doc မှာ Rename ပြောင်း
.txt နေရာမှာ ဖြတ်ပြီးတော့ .bat လို့ရိုက်ထည့်လိုက်

Subscribe to:
Posts (Atom)